Search
Close this search box.

MHSA Letter of Solidarity – Burmese

In English | En español


ချစ်ခင်ရပါသော HS4KC လုပ်ဖော်ကိုင်ဖက်များ :

Head Start for Kent County တွင် မိသားစုများအားလုံးသည်ကမ္ဘာ့ကပ်ရောဂါ‌ကြောင့်ထိခိုက်ခဲ့ရကြောင်း နှင့် မိသားစုတော်တော် များများသည် လူမျိုးရေးအကြမ်းဖက်မှုနှင့် စနစ်တကျဖိနှိပ်မှုများကြောင့်လည်း အကျိုးသက်ရောက်မှု ရှိသည်ကို ကျွန်ုပ်တို့နားလည်ပါသည်။ လူသားချင်းစာနာထောက်ထားမှုသည် ကျွန်ုပ်တို့ အေဂျင်စီ၏ အဓိကတန်ဖိုးဖြစ်သည်။ ကျွန်ုပ်တို့သည် National Head Start Association နှင့် Michigan Head Start Association တို့၏ အစိတ်အပိုင်းတစ်ခု နှင့်အ‌ပြောင်းအလဲ အေးဂျင့်များဖြစ် ရန်သူတို့ ၏ ကတိက၀တ်ဖြစ်ရခြင်းအတွက် ကျွန်ုပ်တို့သည်ဂုဏ်ယူပါသည်။ ကျွန်ုပ်တို့သည် ဒေါက်တာ မာတင်လူသာကင်း ဂျူနီယာ ၏ အဆို “နေရာတိုင်း၌မတရားမှုသည်နေရာတိုင်း၌တရားမျှတမှုကိုခြိမ်းခြောက်နေသည်” ကို သဘောတူညီ စွာဖြင့် ကိုးကားပါသည်။

ကျွန်ုပ်တို့ တစ်ဦးချင်းအနေ နှင့် ယဉ်ကျေးမှုဆိုင်ရာအရည်အချင်းပြည့်ဝစေရန် ကျွန်ုပ်တို့၏ လုပ်ငန်း ကိုဆက်လက် လုပ်ဆောင်ရန်မှာ အလွန်အရေးကြီးပါသည်။ ကျွန်ုပ်တို့၏ ၀န်ထမ်းများနှင့်မိသားစုများကိုတတ်နိုင်သမျှမည်သည့်နည်းဖြင့် မဆိုသင်ယူရန်ကျွန်ုပ်တို့ ကတိက၀တ်ပြုထားပါသည်။ ကလေးတိုင်းသည်ဘဝနှင့်ကျောင်း၌အောင်မြင်နိုင်စွမ်းရှိလျှင် လူတိုင်းက အရေးကြီးသည် ဆိုကြောင်းကို သက်သေပြကြပါစို့! #together #makingconnections #hs4kc

အောက်ဖော်ပြပါလင့်ခ်နှင့်ကူးယူမှုများသည် Michigan Head Start Association မှပူးတွဲစာတစ်စောင်ဖြစ်သည်။

 

လေးစားစွာဖြင့်,
MaDonna Princer                                                                       NaTasha Brown
အလုပ်အမှုဆောင်ညွှန်ကြားရေးမှူး                                                 ယဉ်ကျေးမှုဆိုင်ရာအရည်အချင်းနှင့်အားလုံးပါဝင်ခွင့်ရရှိရေးမန်နေဂျာ


ဇွန်လ ၃၊ ၂၀၂၀

ချစ်ခင်ရပါသော Head Start ၀ န်ထမ်းများနှင့်မိဘများ၊

ဒီကမ္ဘာလုံးဆိုင်ရာကူးစက်ရောဂါ ကြောင့်သင်၏နေ့စဉ်ဘဝများ၌အကြီးအကျယ်ပြောင်းလဲမှုနှင့်စိတ်ဖိစီးမှုများ နှင့် Head Start အသိုင်း အဝိုင်းတွင်နာကျင်ခက်ခဲသောအချိန်ဖြစ်သည်ကို ကျွန်ုပ်တို့ သိပါသည်။ ထို့အပြင် Covid-19၏ပြင်းထန်သည့်အဖြစ်မှန်သည် ကျန်းမာ ရေးနှင့်ညီညွတ်သောပြဿနာများမှတစ်ဆင့်ကျွန်ုပ်တို့၏ ပြည်နယ်အတွင်းအကြီးမားဆုံးနှင့်သိသာထင်ရှားဆုံးကွာဟချက်အချို့ကို ရှာဖွေ တွေ့ရှိခဲ့သည်ကိုလျစ်လျူရှု၍မရပါ။ Covid-19 ကြောင့်မီချီဂန်ပြည်နယ်တွင်သေဆုံးမှုများ၏ ၈၀ရာခိုင်နှုန်းသည်အာဖရိကန် အမေရိကန် များဖြစ်သည်ဟုကြေငြာထားသောနေ့စဉ်သတင်းခေါင်းကြီးပိုင်းတွင်ကျွန်ုပ်တို့ကြည့်ရှုခဲ့သည့်အတိုင်းဤအချက်သည်ထင်ရှားလာခဲ့သည်။

အခု ၂၀၂၀၊ မေလ ၂၅ ရက်နေ့မှာလက်နက်မဲ့လူမည်းဂျော့ခ်ျဖလိုဒ်ကိုအကြမ်းမဖက်သောစွဲချက်ဖြင့်ရပ်တန့်ပစ်လိုက်သည်။ ကမ္ဘာတဝှမ်းရှိ ဗီဒီယိုများတွင်တွေ့ရသည့်အတိုင်း သူသည် Minneapolis ရဲဌာန၏ လူဖြူရဲအရာရှိတစ်ဦး က ထိန်းသိမ်းစဥ် သူ၏လည်ပင်းအားမြေ၌ ဒူးဖြင့်ထောက်သောကြောင့် သေဆုံးခဲ့သည်။

Michigan Head Start Association (MHSA) နှင့်ကျွန်ုပ်တို့၏ဒါရိုက်တာဘုတ်အဖွဲ့က George Floyd နှင့်အခြားအရောင်အသွေး စုံသောလူတို့အပေါ်ကျူးလွန်သောအကြမ်းဖက်မှုများသည်ရွံရှာဖွယ်ရာဖြစ်သည်ဟုယုံကြည်ကြသည်။ ကျွန်ုပ်တို့ အနေဖြင့် ဂျော့ခ်ျဖလိုဒ် မိသားစုနှင့် အတူဝမ်းနည်းကြောင်းပြောကြားသည်။ ကျွန်ုပ်တို့ Head Start အသိုင်းအဝိုင်းမှသင်တို့အားလုံးကို အသိပေးလိုသည်မှာဤ အချိန်အတွင်း ဝမ်းနည်းပူဆွေးမှုမှာ သင်တစ်ဦး တည်းမဟုတ်ကြောင်းသိစေလိုသည်။ သင်တို့ထဲမှများစွာသောသူတို့သည်၀မ်းနည်းရုံသာ မက မယုံသင်္ကာ နှင့်ဒေါသများကိုလည်းကြုံတွေ့နေကြရသည်ကိုကျွန်ုပ်တို့ သတိ ပြုမိပါသည်။

ကျွန်ုပ်တို့၏အသင်း၏မစ်ရှင်ဖော်ပြချက်၏ အဓိကအချက်မှာထောက်ခံအားပေးမှု၊ပညာရေး၊ဆက်သွယ်ရေး နှင့်ပူးပေါင်းဆောင်ရွက်ခြင်း အားဖြင့် Head Start ၀န်ထမ်းများ၊ မိဘများနှင့်ကလေးများအားဆက်သွယ်ပေးရန်ရည်မှန်းချက်ဖြစ်သည်။ သို့သော်ဤရည်မှန်းချက် ပန်းတိုင်များကိုအခြေခံခြင်းသည် မျှတမှုနှင့်တရားမျှတမှုကိုတိုးမြှင့်နိုင်ရန်အတွက်သမိုင်းဝင်နက်ရှိုင်းစွာအမြစ်တွယ်နေသော Head Start၏တန်ဖိုးများဖြစ်သည်။ မာတင်လူသာကင်းဂျူနီယာက“ဘယ်နေရာမှာမဆိုမတရားမှုကနေရာတိုင်းမှာတရားမျှတမှုကိုခြိမ်းခြောက် နေတယ်” ဟုဆိုသည်။ လူပုဂ္ဂိုလ်တစ်ဦး ချင်းအနေနှင့် Head Start အသိုင်းအဝိုင်းကိုသီးသန့် ၀န်ဆောင်မှုပေးသောအသင်းအနေ ဖြင့်ကျွန်ုပ်တို့သည်ပိုမိုကောင်းမွန်၊ တရားမျှတသောလူ့ဘောင်အဖွဲ့အစည်းကိုရှာဖွေရန်ကျွန်ုပ်တို့နှင့်အတူရပ်တည်နေသည်။

သင်တို့ များစွာလိုပဲ၊ ကျွန်ုပ်တို့လည်းလုပ်ဆောင်နိုင်သောပြောင်းလဲမှုဖြစ်ပေါ်လာအောင်နည်းလမ်းတွေရှာဖွေလျက်ရှိကြသည်။ထိုရှာဖွေမှု သည် စည်းရုံးလှုံ့ဆော်ခြင်း၊ ရပ်ရွာလူထုပါ၀င်ခြင်း၊ မဲထည့်ခြင်း၊ နှင့်များစွာဖြင့်ပါဝင်နိုင်ပါသည်။ MHSAသည် ၀န်ထမ်းများနှင့်မိဘများ အားလုံးအတူတကွလေ့လာနိုင်ရန်အတွက်ဤအကြောင်းအရာနှင့် ပတ်သတ်၍လာမည့်လတွင် အင်တာနက်ပေါ်တွင်လုပ်သော ဟော‌ပြောပွဲ တစ်ခုကိုလုပ်လိမ့်မည်။ သင်နှင့်သင်၏မိသားစုများကိုထောက်ပံ့ရန်ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်တွင် အရင်းအမြစ်စာမျက်နှာ တစ်ခုကိုလည်းထည့်ပေးမည်။

လူတိုင်းကိုလုံခြုံစိတ်ချမှုရှိစေရန်ဆန္ဒရှိသည်။
Robin
————
Robin J. Bozek
အလုပ်အမှုဆောင်ညွှန်ကြားရေးမှူး

မီချီဂန် Head Start ကိုအသင်း
robin@michheadstart.org